စပါးအသင်းသည် ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းမှ နည်းပြဖြစ်သူ နာဂယ်စ်မန်းကို ခေါ်ယူနိုင်ရန်အတွက် မော်ရင်ဟိုကို အလျင်အမြန်ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်သတင်းစာ Telegraph က ဖော်ပြခဲ့သည်။
ဂျာမန်လူမျိုးလူငယ်နည်းပြတစ်ဦးဖြစ်သူ နာဂယ်စ်မန်း(၃၃ နှစ်)အား နည်းပြသစ်အဖြစ်ခန့်အပ်ရန် ဂျာမန်အသင်းကြီးဖြစ်သည့် ဘိုင်ယန်မြူးနစ်အသင်းကလည်း ပစ်မှတ်ထားနေသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ရာသီကုန်တွင် လက်ရှိနည်းပြ ဟန်ဆီဖလစ်ခ်၏နေရာတွင် ၎င်းနှင့်အစားထိုးမည်ဟု သတင်းများ ထွက်ပေါ်နေ၍ စပါးအသင်းက လက်ဦးမှုရယူရန် စီစဉ်နေခြင်းဖြစ်သည်။








